တမူးပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဖြင့်ကုသိုလ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စော်ဘွားရပ်ကွက်မှ ပါတီဝင်အင်အား (၇၀) ဦးခန့်တို့သည် အောက်တိုဘာ (၁) ရက်က တမူးမြို့ နဂါးမင်းသမီးရေကန်သို့ သွားရောက်၌ မြေဖို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ရေကန်ပါတ်ဝန်းကျင်၌ အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို တစ်နေ့တာ သွားရောက်၍ လုပ်အားဒါန ကောင်းမှု့ကုသိုလ်ပြု လုပ်ခဲ့သည်။

အလားတူ ကွန်းတောင်းအုပ်စုမှပါတီဝင် ၃၀ ဦးခန့်သည် ဆရာစံ ဘုန်းတော်ကြီး ကျောင်းတွင် သန့်ရှင်းရေး လုပ်အား ပေးလှူခဲ့ကြကြောင်း သိရသည်။

# Khin Maung Shwe


Leave a Reply