Harrow International School Bangkok ၏ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

Harrow International School Bangkok ၏ ထောက်ပံ့မှုဖြင့် ဗြိတိသျှကောင်စီမှ အာဆီယံနိုင်ငံအတွင်း အကောင်းဆုံး ကျောင်းအိပ်ကျောင်းစားကျောင်းတွင် ပညာသင်ယူလိုသော မြန်မာနိုင်ငံရှိ အသက် (၁၁) နှစ်မှ (၁၇) နှစ်အတွင်းရှိ ကျောင်းသားများအတွက် ပညာရေးဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ အောက်တိုဘာလ ၁၃ ရက်၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် Harrow Bangkok ကျောင်းအုပ်ကြီး Mr Michael Farley မှ ကျောင်းအကြောင်း၊ အောင်မြင်မှု ရရှိခဲ့သော ကျောင်းသားဟောင်းများ၊ ကျောင်း၏ ပြုစုစောင့်ရှောက်မှု၊ ကျောင်းအိပ်ကျောင်းစား အကြောင်းများနှင့် ပညာသင်ဆု အခွင့်အရေးများကို လာရောက်ဟောပြော ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

Harrow International School Bangkok သည် ယူကေသင်ရိုးညွှန်းတမ်းအသုံးပြု ပြီး IGCSE နှင့် A Levels ဘာသာရပ်များကို အရည်အချင်း မြင့်မားသော ဆရာ၊ ဆရာမများမှ ပို့ချပေးပြီး ကျောင်းပြီးသည်နှင့် ကျောင်းသား၊ ကျောင်းသူများသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရကြကြောင်း သိရသည်။ Harrow Bangkok သည် ၅ တန်း (အသက် ၁၁ နှစ်) မှစ၍ ကျောင်းအိပ်ကျောင်းစားများလက်ခံပြီး IGCSE သင်ရိုးနှင့် A Level အမှတ်များ ထူးချွန်ကောင်း မွန်အောင် ပြင်ဆင်ပေးသော ကျောင်းဖြစ်သည်။

နွေရာသီ သင်တန်းတိုများကိုလည်း ဇွန်လကုန်မှ ဇူလိုင်လကုန်ထိ ဖွင့်လှစ်ထားပြီး အင်္ဂလိပ်စာသင်တန်း၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာသင်တန်း၊ ဂီတနှင့် အားကစားသင်တန်းများကိုလည်း အခြားနိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သင်ကြားခွင့်ရရှိမည် ဖြစ်သည်။ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် နိုင်ပြီး တက်ရောက်လိုသူများသည် http://bit.ly/harrow-seminar တွင် အွန်လိုင်းမှ စာရင်းပေးသွင်းနိုင်သည်။

အသေးစိတ် သိရှိလိုပါက ဗြိတိသျှကောင်စီ ဖုန်း-၃၇ဝ၉၃၃၊ ၃၇ဝ၉၄၄ လိုင်းခွဲ -၃၃၆၃၊ ၃၃၁၁ သို့မဟုတ် အီးမေးလ် education.enquiries@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

# Internet Journal


Leave a Reply