Offline ဗီဒီယိုကြည့်ရှုနိုင်မည့် YouTube Go app ကို Google မိတ်ဆက်ကြေညာ

သုံးစွဲသူများထံ Bluetooth ဖြင့် ဗီဒီယိုများ ဝေမျှနိုင်မည့် YouTube Go app သစ်ကို Google က မိတ်ဆက် ကြေညာခဲ့သည်။

new-picture

အဆိုပါ app တွင် download မလုပ်မီ ဗီဒီယိုများကို preview ကြည့်ရှုနိုင်မည့် လုပ်ဆောင်ချက်နှင့် ဗီဒီယို အရည်အသွေးနှင့် အရွယ်အစားကို ထိန်းချုပ်နိုင်မည့် လုပ်ဆောင်ချက်များ ပါဝင်သည်။

ထိုလုပ်ဆောင်ချက်များသည် cellular data အကန့်အသတ်ကြောင့် စိုးရိမ်ပူပန်နေသော သုံးစွဲသူများနှင့် အင်တာနက်ချိတ်ဆက်မှု အကန့်အသတ်ရှိသော ဒေသများတွင် နေထိုင်သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အထက်ပါ ကြေညာချက်ကို အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သော Google အခမ်းအနား တစ်ခုတွင် မိတ်ဆက်ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်း app ကို အိန္ဒိယတွင် နေထိုင်သူများက အရင်ဆုံး စမ်းသပ် သုံးစွဲနိုင် မည်ဖြစ်ပြီး နောက်ပိုင်းတွင် ကျယ်ပြန့်စွာ ဖြန့်ချိသွားမည်ဖြစ်သည်။

YouTube Go app တွင် အင်တာနက်ချိတ်ဆက်မှုမရှိသည့် ဒေသများ၌ ညဘက်တွင် ဗီဒီယိုများကို အလို အလျောက် download ပြုလုပ်ပေးမည့် YouTube Smart Offline လုပ်ဆောင်ချက်လည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် YouTube Go အတွက် အိန္ဒိယရှိ သုံးစွဲသူများက စာရင်းပေးသွင်းထားနိုင်မည်ဖြစ်သည်။ သို့သော် လည်း app ကို အိန္ဒိယနှင့် အခြားနိုင်ငံများတွင် ဖြန့်ချိမည့်အချိန်အတိအကျကို မသိရသေးပေ။

Ref: MacRumors


Leave a Reply