မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် ပါတီကော်မတီဝင်များ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၃ဝရက်က ပြည်ခိုင် ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပါတီဝင်များအားလုံး အရည် အချင်းပြည့်ဝအောင် ကြိုးစားကြရန်၊ မိမိတို့ပါတီဝင်အင်အား ပိုမို ခိုင်မာအောင်လုပ်ကြရန်၊ ပါတီ ဝင်အားလည်း တစ်သားတည်းဖြစ် နေရန်လိုအပ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်ပါတီကော် မတီ အတွင်းရေးမှူး ဦးနေဝင်းဇော်က ပါတီဝင်အင်အား ပြန်လည် စိစစ်ရေး၊ ရပ်/ကျေးများနှင့် လက် တွဲပြီး မိမိတို့ပါတီ၏ပါတီဝင်များ နှင့် အမြဲထိတွေ့နေရေး၊ ပုဂံခရီးစဉ်ကိစ္စနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် ဘဏ္ဍာရေးမှူး ဒေါ်ယဉ်မြတ်သူက စက်တင်ဘာလအတွင်း အသုံးစရိတ်နှင့် သုံးလ အတွင်း ရငွေသုံးငွေစာရင်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အမျိုးသမီး ရေးရာကိစ္စများကို ဆွေးနွေးခဲ့ သည်။

ထို့နောက် မြို့နယ်ပါတီကော် မတီများအား တောင်သူလယ်သမားတာဝန်ခံ၊ အလုပ်သမား တာဝန်ခံ၊ လူငယ်တာဝန်ခံ၊ အမျိုး သမီးတာဝန်ခံနှင့် မီဒီယာတာဝန်ခံ များကို ရွေးချယ်တာဝန်ပေးအပ်ကာ ရပ်/ကျေးအဆင့်အထိဖွဲ့စည်း နိုင်ရေးဆွေးနွေးခဲ့ပြီး တိုက်နယ် အလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုများကို အစည်းအဝေးတက် ရောက်လာသူများက တင်ပြဆွေး နွေးကြကာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ညနေ ၄နာရီတွင်ရပ်နား လိုက်သည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply