ယွမ်ငွေကို နိုင်ငံတကာအရန်ငွေကြေးစာရင်းတွင် ထည့်သွင်း

14555889_1251343294889818_164703881_n

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နိုင်ငံတကာ အရန်ငွေကြေးစာရင်းတွင် အောက်တိုဘာ၁ ရက်မှ စတင် ထည့်သွင်းလိုက်သည်။

တရုတ်ယွမ်ငွေသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း ငွေ၊ ဗြိတိသျှပေါင်တို့နှင့်အတူ IMF၏ အထူးငွေကြေး အုပ်စုတွင် ပါဝင်လာခြင်းဖြစ်သည်။

ယင်းမှာ အိုင်အမ်အက်ဖ်ထံမှ ငွေချေးသူများ လက်ခံရရှိနိုင်သည့် ငွေကြေးများဖြစ်သည်။

၁၉၉၉ က ယူရိုငွေကို ယင်းစာရင်းသို့ နောက်ဆုံးထည့်သွင်ဲး့သည်။ ၁၉၄၉ တွင် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့သော အောက်တိုဘာ ၁ ရက်တွင် အိုင်အမ်အက်ဖ် က အထူးငွေကြေး စာရင်းသို့ ယွမ်ငွေကို ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

‘‘ယွမ်ငွေကို အိုင်အမ်အက်ဖ် အထူးငွေကြေးအုပ်စုမှာ ထည့်သွင်းတာဟာ ရန်မင်ဘီ (ယွမ်ကို နိုင်ငံတကာမှာ သုံးစွဲဖို့ ကြိုးပမ်းမှုအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အောင်မြင်မှုကို အတည်ပြုလိုက်တာလည်းဖြစ်ပြီး ဘဏ္ဍာရေးကဏ္ဍ ဖွင့်ပေးခြင်းနဲ့ ပြုပြင်ပြောင်းလဲမှုရလဒ်တွေကို အသိအမှတ် ပြုတာပါ’’ဟု တရုတ်ဗဟိုဘဏ်က ထုတ်ပြန်ပြောကြားသည်။

# 7 Day Daily 


Leave a Reply