ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ

ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။

တိုင်းပါတီ၊ ပြည်ခရိုင်ပါတီနှင့် ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်း၊ ပေါင်းတည်မြို့နယ်များမှ စုစုပေါင်း ဆွမ်းဆန်အိတ် (၃၀) ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit – Swe Swe


Leave a Reply