တရုတ်နိုင်ငံကွမ်ကျိုးပြည်နယ်ပါတီခေါင်းဆောင်ဟောင်း လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီအကြီးအကဲဟောင်း ၀မ်ရှန်လင်းအား အဂတိလိုက်စား မှုဖြင့် နန်နင်းမြို့ တရားရုံးက တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို စက်တင်ဘာ ၃၀ ရက် ကချမှတ်လိုက်သည်။

wan

၎င်း၏အဂတိ လိုက်စားမှုအား ၂၀၁၄ ခုနှစ်က ပါတီတွင်းစုံစမ်းမှုပြုလုပ်ခဲ့သည်။ ၀မ်သည် စီမံကိန်းများအတည် ပြုပေးရန် ယွမ်သန်း ၁၀၀ (ပေါင် ၁၁ ဒသမ ၅၇ သန်း) ကျော်အား တံစိုးလက်ဆောင်ရယူခဲ့သည်ဟု တရားရုံးက ဖော်ပြလိုက်သည်။

ဝမ်၏ ပိုင်ဆိုင်မှုပစ္စည်းများအားလည်း အစိုးရက သိမ်းယူရန် အမိန့်လည်းချမှတ်ခဲ့သည်။ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ၀မ်ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင်လုံစွာ မရရှိဖြစ်နေစဉ် ၀မ်က ၂၀၀၀ ပြည့်နှစ်အတွင်းက အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ၀န်ခံဖြောင့်ချက်ပေးခဲ့သည့်အပြင် သက်သေခံများ ထုတ်ပေးခဲ့၍ သေဒဏ် ချမှတ်နိုင်သော ပြစ်မှုဖြစ်သော်လည်း သက်ညှာခွင့်ရခဲ့ကာယခုကဲ့သို့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကိုသာ စီရင်ခံခဲ့ရခြင်းဖြစ်သည်။

ထိုစဉ်က ၎င်းသည် ဂွမ်ဒေါင်းပြည်နယ် တောင်ပိုင်းကွန်မြူနစ်ပါတီ လူငယ်အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေခဲ့ရသည်။

Ref:AFP
Democracy today


Leave a Reply