မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားသို့ ကျောက်ဆည်ပြည်ခိုင်ဖြိုးဥက္ကဌတက်ရောက်

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းသည် ယနေ့ နံနက် ၉း၀၀ အချိန် ကျောက်ဆည်မြို့ အထက(၁) သုံးထပ်ဆောင် ခန်းမတွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်း အဝေးနှင့် ပညာ ရည်ချွန်ဆုနှင်းသဘင်အခမ်းအနား တက်ရောက်၍ ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား/သူများနှင့် ထူးချွန်ဆုရရှိသော ဆရာမများအား ဂုဏ်ပြုခွင့်ရခဲ့ပါသည်။

အခမ်းအနားသို့ အထက(၁ )ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ များ။ မိဘဆရာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်အကျိုးတော်ဆောင်များ။ဆုရရှိ သောကျောင်းမိဘများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး


Leave a Reply