ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန်ဖြန့်ဝေ

ပခုက္ကူခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း၏ ဦးဆောင်လမ်းညွန်းမှူဖြင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် (၈) နာရီ အချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရှိ လူစည်းကားရာ မြစ်ခြေ ပြည်သူဈေးနှင့် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမပေါ်တွင် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်မင်းထိုက် (yawminthar)၊ ဒေါ်ပိုပိုမြင့်၊ ဦးကံဦး၊ ဦးမောင်နိုင်၊ ဦးဝင်းဌေးမြင့်တို့ ဦးဆောင်သော ပါတီဝင်များ စုပေါင်းကာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန် ခရီးသွားပြည်သူများအား ဖြန့်ဝေခြင်းနှင့် မြစ်ခြေ ဈေးသို့ ဈေးရောင်းဈေးဝယ် လာရောက်ကြသော ပြည်သူများကို ဖြန့်ဝေခြင်းများကို နံနက် (၉) နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

# Ko Dee


Leave a Reply