အာဆင်နယ်အသင်းရဲ့ ကြံ့ခိုင်ရေးမှူး ဖြစ်ချင်နေတဲ့ အိုလံပစ် အပြေးချန်ပီယံ မိုဖာရာ

14501858_1247890335235114_1117358273_n

ဗြိတိန်ရဲ့ အိုလံပစ် ရွှေတံဆိပ်ဆုရှင် မိုဖာရာက သူ့အနေနဲ့ အပြေးသမား ဘဝကသာ အနားယူခဲ့မယ်ဆိုရင် အာဆင်နယ် အသင်းရဲ့ ကြံ့ခိုင်ရေး နည်းပြ ဖြစ်ချင်ပါတယ် လို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ မိုဖာရာဟာ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရယူခဲ့တဲ့ ကစားသမား ဖြစ်ပြီး အာဆင်နယ် အသင်းရဲ့ ပရိသတ်တစ်ဦးလို့ သူ့ကိုယ်သူ ကြေညာ ထားခဲ့သူပါ။

ဆိုမာလီယာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ မိုဖာရာက သူ့လိုမျိုး အာဖရိကနွယ်ဖွား ဘောလုံးသမားတွေကို ခေါ်ယူအသုံးပြု ခဲ့တာကြောင့် အာဆင်နယ်အသင်းကို သဘောကျခဲ့တာလို့ ဝန်ခံခဲ့ပြီး အာဆင်နယ် ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အတွက် အကူအညီ ပေးချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“အာစင်ဝင်းဂါးရဲ့ ကစားပုံ နည်းစနစ်တွေဟာ ကျွန်တော့်အတွက်တော့ တကယ့် သဘောကျစရာပါ။ ကျွန်တော် အပြေးသမားဘဝက အနားယူပြီးတဲ့အချိန်မှာ အာဆင်နယ်အသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြ တစ်ယောက် လုပ်ပေးချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေထဲက တစ်ခုပါပဲ”လို့ မိုဖာရာက ဆိုလိုက်ပါတယ်။

# The Voice


Leave a Reply