ဝဲကြီးကျေးရွာပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ၊ဆရာတော်နှင့်အဖွား (၂ )ဦးအားပူဇော်ကန်တော့

ဝဲကြီးကျေးရွာသည် မြစ်ကြီးနားမြို့နယ်ဆင်ဘိုမြို့၏ အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ခြေ (၆၀ )ခန့်ရှိ သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စာသင်ကျောင်းဆောင်သစ် ရရှိခြင်း၊ ရေအခက်အခဲရှိသဖြင့် စိမ့်စမ်းရေသွယ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မီးလင်းရေးအတွက် ဆိုလာမီးဖြင့် အိမ်တိုင်းမီးလင်းလျှက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပါသည်။

ယင်းကျေးရွာသို့ မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ နယ်မြေတာဝန်ခံ ဦးစိုးညွန့်၊ ဆင်ဘိုပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အတူ(၂၅ -၉ -၂၀၁၆) ရက်နေ့ ညနေ (၄) နာရီတွင် ရောက်ရှိခဲ့ပြီး ကျောင်းထိုင်ဆရာတော်အားဝင် ရောက်ဖူးမျှော်ကာ နဝကမ္မအလှူ တော်ဆက်ကပ်လှူ ဒါန်းမှုပြုခဲ့ကြပါသည်။

ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ အသက်(၉၅) နှစ်ရှိ အဖွားဒေါ်သိန်းရင်အားလည်းကောင်း၊ အသက် (၈၀)နှစ် ရှိ အဖွားဒေါ် တင်မေ တို့အား ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ နှင့်အညီ ဂါရဝ လက်ဆောင်၊စားဖွယ်နှင့်အလှူ ငွေများဖြင့် ကန်တော့ ခဲ့ကြပြီး ပါတီစည်းရုံးရေးမှူးနေအိမ်၌ ကျေးရွာပါတီစည်းရုံးရေးမှူး၊ ပါတီဝင်များနှင့် တွေ့ဆုံကာ ပါတီ၏ ရှေ့လုပ်ငန်းစဉ် ဆိုင်ရာများ ဆွေးနွေးခဲ့ကြပါသည်။

Nyunt Win


Leave a Reply