ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံဈေးတွင် ဆေးဝါးအတုနှင့် သက်တမ်းလွန်ဆေးဝါး ကျပ်နှစ်ဘီလီယံကျော်ဖိုး ဖမ်းမိ

13081804_1136480829709399_320826700_n

ရန်ကုန်မြို့ရှိ နာ မည်ကြီးဈေး နှစ်ဈေးတွင် ကျပ် ၂ ဒသမ ၈၀၇ ဘီလီယံတန်ဖိုးရှိ ဆေးဝါးအတုနှင့်သက်တမ်းလွန် ဆေးများဖမ်းမိခဲ့ပြီး ပါဝင်ပတ်သက်သူ ၁၄ ဦးကို အမှုဖွင့်အရေး ယူထားကြောင်း စက်မှုဝန်ကြီး ဌာနက သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်ဈေးနှင့် ရွှေပြည့်စုံ ဈေးနှစ်ဈေးတွင် ဈေးဆိုင်များနှင့် သိုလှောင်ရုံ ၂၂ နေရာကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက် အထိ စက်မှုဝန်ကြီးဌာန၊ ပြည်ထဲ ရေးဝန်ကြီးဌာနနှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း ရှာဖွေစစ်ဆေးခဲ့သည်။

‘‘အဓိက ဖမ်းမိတာတွေကတော့ သက်တမ်းလွန်ဆေးဝါးတွေ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လည်းရှိနိုင်ပါသေးတယ်။ ဆက်ပြီးတော့လည်း စဉ်ဆက် မပြတ်စစ်ဆေးအရေးယူ သွားဖို့လည်း ရှိပါတယ်’’ဟု စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်သော BPI ဆေးဝါးများ အတုပြုလုပ်နေမှုကို ဖမ်းဆီးနှိမ်နင်းခြင်းဆိုင်ရာ သတင်းထုတ်ပြန်ခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

ဈေးအတွင်း ဆေးဆိုင်နှင့် သိုလှောင်ရုံများတွင် ဆေးဝါးအတု ၄၄ မျိုး၊ တံဆိပ်အတု ၁၈ မျိုးနှင့် သက်တမ်းလွန် ဆေးဝါး ၉၈ မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆေးဝါး အတုပြုလုပ် ရောင်းချသူ ခုနစ်ဦး၊ ဆေးဝါးအတုပြုလုပ်သူ လေးဦး၊ တံဆိပ် အတုပြုလုပ်သူ နှစ်ဦးနှင့် သက်တမ်းလွန်ဆေးဝါး သိုလှောင်ထားရှိသူတစ်ဦး အပါအ၀င်၊ စုစုပေါင်း ၁၄ ဦးကို ၁၉၉၂ အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈/ရာဇသတ်ကြီး ပုဒ်မ ၁၀၉ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရ သည်။

‘‘ဆေးဝါးအတု ပြုလုပ် ရောင်းချသူတွေ၊ နောက်သက် တမ်းလွန်ဆေးဝါးတွေကို သိုလှောင်ထိန်းသိမ်းထားတဲ့ သူတွေ ကို အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၅ (က)နဲ့ အရေးယူနိုင်ပါတယ်။ နောက်ပြီး အမျိုးသားဆေးဝါး ဥပဒေ ၁၈ အရ ပြစ်ဒဏ်ချမှတ်နိုင် ပါတယ်’’ ဟု အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင် နိုင်ဆွေက ပြောသည်။

ဆေးဝါးများဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သက်တမ်းလွန် ဆေးဝါးများကို သိုလှောင်ခြင်း များပြုလုပ်ပါ ၁၅(က)ဖြင့် အရေး ယူနိုင်ပြီး ဥပဒေပုဒ်မ ၁၈ အရ ငွေဒဏ် ငါးသောင်းမှ ငါးသိန်းဖြစ် စေ၊ ထောင်ဒဏ် ခုနစ်နှစ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သိရသည်။

# 7 Day Daily


Leave a Reply