အိမ်မွေး တိရစ္ဆာန် ချစ်သူတွေ သတိပြုရမယ့် အချက် ငါးချက်

14483673_1246244582066356_1219169259_n

တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေဟာ အိမ်မှာ ခွေး၊ ကြောင်တွေကို မွေးလေ့ရှိတဲ့အပြင် တယုတယနဲ့ အတူတူ အိပ်စက်တတ်သူတွေလည်း ရှိတဲ့အတွက် အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်နိုင်တယ်။ ခွေး၊ ကြောင်လေးများ မွေးထားလျှင် ကလေးငယ်များက အလွန် နှစ်သက်ပြီး  ကစားလေ့ရှိတဲ့အပြင် အတူ အိပ်လေ့ ရှိရာမှာ လူတို့ စားသောက်တဲ့ အစားအစာနဲ့ အရေပြားတို့ကတစ်ဆင့် ယင်းတိရစ္ဆာန်လေးတွေမှာ ရှိတဲ့ ပိုးမွှားများ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနဲ့ အညစ် အကြေးများ ဝင်ရောက်ပြီး လူကို ရောဂါရစေနိုင်ပါတယ်။

သန်လုံးကောင်အန္တရာယ်။ ခွေးနဲ့ ကြောင်တို့မှာ သန်ကောင်စွဲ ကပ်ပါးရောဂါဖြစ်စေတဲ့ သန်လုံးကောင်တွေ ရှိနေနိုင်ပါ တယ်။ ခွေးရဲ့ အူနံရံကိုဖောက်ပြီး သန်ကောင်ဥ တွေက ခန္ဓာကိုယ်တစ်ခုလုံးကို အနှံ့ရောက်နေတတ်ပါတယ်။ ခွေးက စွန့်ထုတ်လိုက်တဲ့ မစင်က သန်ကောင်ဥတွေဟာ လူတွေ စားသောက်တဲ့ အစားအစာနဲ့ မြေကြီး တို့ကနေ လူ့ခန္ဓာကိုယ် တွင်းဝင်ရောက်နိုင်ပါတယ်။ လူ့ခန္ဓာကိုယ်တွင်းမှာတော့ သန်ကောင်ဥကနေ အကောင်ပေါက်ပြီး ရောဂါဖြစ်စေတာပါ။ လူ့ကိုယ်တွင်းအင်္ဂါများနဲ့ မျက်စိအတွင်း သန်ကောင်လောင်း လှည့်လည်တတ်ပါတယ်။ သေဆုံးမှု နည်းပါးပေမယ့် နှလုံး၊ အဆုတ်နဲ့ အာရုံကြောဆိုင်ရာရောဂါတွေ ဖြစ်တတ်တဲ့အပြင် မျက်စိ ဆိုင်ရာ ရောဂါပြဿနာတွေပေါ် ပေါက်ရာကနေ မျက်စိ ကွယ်နိုင်ပါတယ်။

ကုတ်မိရာမှ အနာဖြစ်နိုင်တယ်။ တိရစ္ဆာန်လေးတွေမှာလည်း စိတ်ထားကြမ်း၊ အပြုအမူကြမ်းတဲ့ ခွေး၊  ကြောင်လေးတွေ ရှိတတ်တာမို့ မတော်တဆ ဆော့ကစား ရာမှ ဖြစ်စေ ကိုက်မိခြင်း၊ ကုတ်မိဖဲ့မိခြင်းကြောင့် အနာ ဖြစ်နိုင်ပါတယ်။ အနာကို စနစ်တကျ မကုသခဲ့တဲ့အခါ ရောင်ရမ်းခြင်းနှင့် ပြည်တည်နာတွေ ဖြစ်နိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ကို ကာကွယ်ဆေးထိုးပေးပါ။ အိမ်မွေး အလှမွေးခွေး၊ ကြောင်တို့ကို သာမက ပိုင်ရှင့်မဲ့ ခွေးလေ ခွေးလွင့်နဲ့ ကြောင်တွေကိုပါ နေအိမ်မှာခေါ်ယူ မွေးထားတတ်တာ မြန်မာနိုင်ငံမှာ ဓလေ့တစ်ခုဖြစ်နေပါပြီ။ အိမ်မှာ မွေးမြူ မယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်ကို ကာကွယ်ဆေး ပုံမှန်ထိုးပေးရမှာဖြစ်ပြီး အကယ်၍ အကိုက်ခံခဲ့ရရင် ဆေးမြီးတိုနဲ့ မကုဘဲ နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ အမြန်ဆုံး ပြသပါ။

ကြောင်ကိုက်ရင် ခွေးရူးရောဂါ ဖြစ်နိုင်တယ်။ နာမည်အားဖြင့် ခွေးရူးရောဂါဖြစ်နေတဲ့အတွက် ခွေးကိုက်မှ ခွေးရူးရောဂါ ဖြစ်နိုင်တယ်လို့ သိနေတဲ့လူတွေ ရှိနေဆဲ ပါ။ ဒီရောဂါဟာ ခွေးရူးရောဂါရနေတဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ ကုတ်ခြစ်မိတဲ့ ဒဏ်ရာ၊ ကိုက်ရာ၊ အရေပြား ပွန်းပဲ့နေရာတွေက နေလည်း ဝင်ရောက်နိုင်ပါတယ်။ ခွေးရူး ရောဂါဟာ အိမ်မွေး တိရစ္ဆာန် ဖြစ်တဲ့ ခွေး၊ ကြောင်မှာသာမက နွားနဲ့ တောရိုင်း တိရစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ # The Voice


Leave a Reply