ပုံမှန်ပွဲထွက်ခွင့် မရလည်း အသင်းတွင် ဆက်နေရန် ရွန်နေး ဆုံးဖြတ်ထား

14459849_1246245578732923_767254907_n

မန်ယူအသင်းခေါင်းဆောင် ရွန်နေးဟာ အသင်းနဲ့အတူ ပွဲတိုင်းပွဲထွက်ခွင့်မရတဲ့ နည်းပြဆုံးဖြတ်ချက်ကို လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရတော့မှာ မဟုတ်ပေမဲ့ အသင်းကထွက်ခွာဖို့ အစီအစဉ် ရှိမနေကြောင်း Mirror သတင်းစာ ကဖော်ပြခဲ့ပါတယ်။

မကြာခင် ၃၁ နှစ်ပြည့်တော့မယ့် ရွန်နေးကို မေဂျာလိဂ်အသင်းအချို့က ခေါ်ယူချင်နေပေမဲ့ ရွန်နေးကတော့ ပွဲထွက်ခွင့် ရာနှုန်းပြည့်မရလည်း အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုတာပါ။ လက်စတာကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ရွန်နေးမပါတဲ့ ကွင်းလယ်က စွမ်းဆောင်ရည်ပိုကောင်းခဲ့တဲ့အတွက် လာမယ့်ပွဲတွေမှာ အရင်လို ရွန်နေးကို ပုံမှန်ပွဲထွက်ခွင့် မပေးတော့ဖို့ မော်ရင်က ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

လာမယ့် ကြာသပတေးနေ့မှာ ကစားမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ရွန်နေးကို ပထမအသင်းစာရင်းထဲမှာ မော်ရင်ဟို ပြန်လည်ထည့်သွင်းကစားဖွယ် ရှိနေပါတယ်။

အသင်းရဲ့ ကစားကွက်လိုအပ်ချက်အရ ပွဲထွက်ခွင့်မရလည်း အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပြီး လက်ရှိ စာချုပ်ဟာလက်ကျန်သက်တမ်း ၂ နှစ် ကျန်ရှိသေးတယ်လို့ သိရပါတယ်။

Source : Mirror


Leave a Reply