မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်သူများနှင့် တွေ့ဆုံ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန် သည် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ ကျိုက်မရောမြို့နယ် ကော့ပြည့်၊ ဝယ်ငဲ၊ ရန်ကလွီ၊ ကော့မင်ကျေးရွာများ၊ ငြိမ်းဖောင်ဒေးရှင်း၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး လွှတ်တော်တွင်းဆောင်ရွက်ချက်များ အတွေ့အကြုံများအား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ပြည်သူများမှ လိုအပ်ချက်များအားဆွေးနွေးကြပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စများအား ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး မေးခွန်းများမေးမြန်းရန် လိုအပ်ပါက လွှတ်တော်တွင် မေးမြန်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်သူများတင်ပြချက်အပေါ် လိုက်လံကြည့်ရှုပြီး ပြည်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply