အာစင်ဝင်းဂါး မျက်နှာကို ဖြတ်ရိုက်ပစ်ချင်ကြောင်း မော်ရင်ဟို ပြောကြားဖူးခဲ့

21f742a700000578-3802819-image-m-16-1474572930183

ပရီးမီးယားလိဂ်မှာ အခါးသီးဆုံး ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးတို့အကြား ရန်လိုမုန်းတီးမှုဟာ ပိုပြီး ကြီးထွားလာခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ဟို ချယ်လ်ဆီးမှာ ရှိခဲ့စဉ် အချိန်တုန်းက နည်းပြအာစင်ဝင်းဂါးကို မျက်နှာဖြတ်ရိုက်ပစ်ချင်တယ်လို့ ပြောခဲ့ဖူးကြောင်း သိရပါတယ်။ မော်ရင်ဟိုရဲ့ ကိုယ်ရေး အတ္ထုပတ္တိစာအုပ်ကို ရေးသားဖော်ပြခဲ့တဲ့ အားကစား ဂျာနယ်လစ် ရော့ဘက်စလေက စာအုပ်အသစ်ထဲမှာ အဆိုပါအချက်ကို ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးကို ဘောလုံးကွင်းထဲမှာ မဟုတ်ပဲ အပြင်မှာ တွေ့ဆုံပြီး ကိုယ်ထိလက်ရောက် လုပ်ပစ်လိုက်ချင်တယ်လို့ မော်ရင်ဟို ခဏခဏ ပြောဖူးကြောင်း ဘက်စလေက စာအုပ်အသစ်ထဲမှာ ရေးသားထားပါတယ်။

၂၀၁၄ ခုနှစ်မှာ ချယ်လ်ဆီးက အာဆင်နယိကု ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အတွင်း မော်ရင်ဟိုနဲ့ အာစင်ဝင်းဂါးတို့ရဲ့ ရန်ပွဲဟာ နာမည်ကျော်ခဲ့ပြီး အဲဒီနောက်ပိုင်း သူတို့ရဲ့ အမုန်းတရားက ပိုပြင်းထန်လာတာဖြစ်ပါတယ်။ ” အခုတော့ ခင်ဗျားကို ကျုပ်ဘာမှ ပြန်မလုပ်ဘူး။ တစ်နေ့တော့ ခင်ဗျားနဲ့ကျုပ် လမ်းမှာ တွေ့မယ်” လို့ မော်ရင်ဟိုက အာစင်ဝင်းဂါးကို ပြောခဲ့ဖူးတယ်လို့လည်းဆိုပါတယ်။

Source : Daily Mail


Leave a Reply