ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် (ငြိမ်း) ဦးဆောင်သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ ပေးအပ်သော အသက် ၁ဝဝ နှင့် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေကို စက်တင်ဘာ (၂၂) ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ပြည်ထောင်စု နယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် ဘိုးဘွားများထံ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်၊ ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာထွေး၊ နေပြည်တော် ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ နေပြည်တော် ခရိုင်ပါတီ အတွင်းရေးမှူး ဦးနွေနှင်းမောင်၊ ခရိုင်ပါတီကော်မတီဝင် ဦးမြင့်ဇော်ထွန်း၊ ပုဗ္ဗသီရိမြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ကြိုင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များလိုက်ပါလျက် နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ဝဲကြီးကျေးရွာရှိ အဘွားဒေါ်အေးခင် ၁ဝ၇ နှစ်၏ နေအိမ်သို့သွားရောက်၍ ငွေကျပ် နှစ်သိန်းကို ဦးဝေလွင်က ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဘွားဒေါ်အေးခင်က ယခုလို လာရောက်ထောက်ပံ့မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်(ငြိမ်း)၏ထောက်ပံ့ မှု အလှူအား ကျေးဇူးတင်ဝမ်း မြောက်ပါကြောင်း၊ သာဓုခေါ်ပါ ကြောင်း၊ ယခုငွေအား အလှူ အတန်းပြုလုပ်နိုင်မည်ဖြစ်သဖြင့် ဝမ်းသာ ကြည်နူးရပါကြောင်း ပြောကြားခဲ့သည်။

Photo – Thidar Htwe fb


Leave a Reply