စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင် ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်

ပြည်တွင်း၌ စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်တွင်းတယ်လီကွန်း ကုမ္ပဏီနှင့် ဗီယက်နမ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနထံ ယခုတစ်ပတ်အတွင်း လျှောက်လွှာတင်မည်ဟု သတင်းရရှိသည်။

မြန်မာအမျိုးသားပိုင် တယ်လီကွန်းကုမ္ပဏီ (MNTH) နှင့် ဗီယက်နမ်မှ Viettel ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်း ထားသည့် စတုတ္ထမြောက် အော်ပရေတာအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံ တင်ပြထားပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ ဆက်လက်ခွင့်ပြုချက်လျှောက် လွှာတင်မည် ဖြစ်ကြောင်း အ ထက်ပါဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

‘‘ဒီတစ်ပတ်အတွင်းတင်မယ်လို့ ပြောထားတယ်။ လောလောဆယ်တော့ လျှောက်လွှာမရောက်သေးဘူး။ DICA ကို တင်ထားပြီး ဒီမှာခွင့်ပြုချက်ဆက်ယူ ရမှာပေါ့’’ ဟု ဆက်သွယ်ရေးညွှန်Mကားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမျိုးဆွေက ရှင်းပြ သည်။

မူလက စတုတ္ထမြောက် အော်ပရေတာကို ယခုနှစ်လယ်တွင် လုပ်ငန်းစတင်လည်ပတ်ရန် မျှော်မှန်းခဲ့သော်လည်း MNTH နှင့် Viettel ကုမ္ပဏီတို့အကြား ညှိနှိုင်းမှု ကြန့်ကြာနေခြင်းနှင့် ရှေ့နေချုပ်ရုံး၌ ခွင့်ပြုချက်တင်ပြနေ ရသောကြောင့် လက်ရှိအချိန်အထိ လုပ်ငန်းမစတင်နိုင်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် စတုတ္ထမြောက် အော်ပရေတာအတွက် ခွင့်ပြုချက်လိုင်စင်တင်ချိန်တွင် အချက် အလက်ပြည့်စုံမှုရှိပါက လိုင်စင်ထုတ်ပေးရန် အဆင်သင့်ရှိနေ၍ စက်တင်ဘာလကုန်၌ လုပ်ငန်း စတင် လည်ပတ်ဖွယ်ရှိသည်။

ပြည်တွင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အူရီး ဒူးမြန်မာနှင့် တယ်လီနောမြန်မာ တို့က ဆက်သွယ်ရေး ၀န်ဆောင်မှု များပေးနေပြီး ၂၀၁၆ သြဂုတ်လ ကုန်အထိ တယ်လီဖုန်း သိပ်သည်းဆမှာ ၉၅ ဒသမ ၄၆ ရာ ခိုင်နှုန်းရှိခဲ့သည်။

# 7 Day Daily


Leave a Reply