ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များဦးစီး၍ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များအား စက်တင်ဘာ (၁၉) ရက် ညနေ ၅ နာရီမှ ည ၈ နာရီထိ မြို့နယ်ပါတီရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ပါတီရုံးဝင်း အတွင်း၌ပါတီဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် အရှင်သူမြတ် (၁၇၉) ပါးအား အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

အဆိုပါ ဧည့်ခံပွဲနှင့်အရုဏ် ဆွမ်းလောင်းလှူပွဲသို့ ပဲခူးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်ခင်ရွှေမြင့်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးတို့လည်း တက်ရောက်လောင်းလှူခဲ့ကြောင်း သိရသည်။

သူရအောင်(ပြည်)


Leave a Reply