ရန်ကုန်မှာ ဖက်ရှင်ရှိုးပွဲ လာလျှောက်မယ့် Pee Mak မင်းသား

Pee Mak မင်းသားအဖြစ် မြန်မာပရိသတ်များ၏ အားပေးမှု ရရှိထားသော ထိုင်းနိုင်ငံမှ သရုပ်ဆောင် Mario Maurer သည် နိုဝင်ဘာအတွင်း မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ဖက်ရှင်ရှိုးတစ်ခု၌ ပါဝင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

entera

Mario Maurer သည် Pen- shoppe ဖက်ရှင်အမှတ်တံဆိပ်၏ Brand Ambassador တစ်ဦး အဖြစ် မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ ပြုလုပ်မည့် ဖက်ရှင်ပွဲတွင် ပါဝင်မည်ဖြစ် သည်။

ယင်းဖက်ရှင်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် အင်းလျားလိတ် ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အနုပညာ ရှင်များနှင့် မော်ဒယ်များ ပါဝင်မည်ဖြစ်သည်။

ယင်းဖက်ရှင်ပွဲကို မြန်မာနိုင်ငံမှ Penshoppe ဖက်ရှင် ပရိသတ်များအတွက် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သည့် Earth Trading မှ ဒါရိုက်တာ ဒေါ်ခိုင်ချိုမြင့်က ပြောသည်။

Mario Maurer သည် မြန်မာနိုင်ငံသို့ ၂၀၁၅ အောက်တိုဘာလအတွင်း Pond’s Men ကုန်ပစ္စည်းမိတ်ဆက်ပွဲတွင် ယင်းကုန်ပစ္စည်း၏ Brand Amba- ssador တစ်ဦးအဖြစ် ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ပရိသတ်များနှင့်
တွေ့ဆုံခဲ့သည်။

# 7 Day Daily


Leave a Reply