ပခုက္ကူတွင် ခွာနာလျှာနာ ဖြစ်ပွားနေသော နွား၊ ၀က်၊ ဆိတ်များ ကုသရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ဂ၀ံလေးတိုင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သော (၅) ရက်ခန့်က နွား၊ ၀က်၊ ဆိတ်များ ခွာနာလျှာနာ အပြင်းအထန် ဖြစ်ပွားနေမှုအား ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်တိမွေးကုဌာနတို့ ပူးပေါင်း၍ အဆိုပါရောဂါ ဖြစ်ပွားနေသော နေရာသို့ ပဏာမလေ့လာပြီး ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ယခင်ကလေ့ကျင့်သင်ကြားပေးထားသော တိရစ္ဆာန်ကုသရေး လုပ်သား (ကြက်ခြေပြာ) များဖြင့် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းမှ ကြီးကြပ်၍ မြို့နယ်ပါတီကော်မတီဝင် များ၊ ပါတီဝင် (ကြက်ခြေပြာ) တိရစ္ဆာန် ကုသရေးလုပ်သားများ အပါအ၀င် ပဏာမစုံစမ်းရေးအဖွဲ့သည် စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ရောဂါဖြစ်ပွား လျက်ရှိသာ ကျေးရွာရှိ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း၊ ရောဂါ ဖြစ်ပွားနေသော တိရစ္ဆာန်အား ခွဲခြားထားရှိခြင်းကိစ္စများကို ကျေးရွာအုပ်စု အတွင်းရှိ ပါတီဝင်များနှင့် ပူးပေါင်းလျက် အလျင်အမြန် ကုသနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိရာ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းထွန်း၏ လမ်းညွှန်မူဖြင့် ဂဝံလေးတိုင်အုပ်စု ဂဝံလေးတိုင်ရွာနှင့် ရွာသစ်ကျေးရွာရှိ နွားများ လျှာနာခွာနာရောဂါဖြစ်ပွားလျှက်ရှိသောနေရာသို့ စက်တင်ဘာ (၂၀) ရက်က တိမွေးကုဆရာများ၊ ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းအေး နှင့် မြို့နယ်ပါ တီကော်မတီဝင်များ၊ ပါတီဝင်များပူးပေါင်း၍ ရောဂါဖြစ်နေသော နွားပိုင်ရှင်အိမ်များသို့ ဆေးထိုးခြင်း၊ ခွာဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။


Leave a Reply