တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီတွေ့ဆုံပွဲကို စက်တင်ဘာလ (၂၀) ရက်နေ့၊ မွန်းလွဲ (၁)နာရီ(၃၀)မိနစ်အချိန်တွင် ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခမ်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဌ ဦးညွန့်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။

တွေ့ဆုံပွဲကို အခမ်းနားအစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး ပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များမှ မြို့နယ်၊ ရပ်/ကျေးအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြကာ တိုင်းဒေသကြီးပါတီဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

# သတင်း-မြင့်နိုင်ဦး


Leave a Reply