မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးဖွင့်လှစ်သည့် “စွမ်းရည်မြှင့်တင်ရေး” သင်တန်း (၁/၂၀၁၆) ကို စင်တင်ဘာလ (၁၈)ရက် နံနက် (၈)နာရီအချိန်က မြိတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

14324182_1204902142865320_5140324292819591691_o

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းဆွေ က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး မြိတ်မြို့နယ် ပါတီဥက္ကဌ ဦးမိုးမြင့်မှ သ်တန်းဖွင့်လှစ်ရခြင်းနှင့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများအဖြစ် တနင်္သာရီတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးရဲထွန်း၊ မြိတ် မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်၊ မြိတ်မြို့နယ် ပါတီကော်မတီဝင် ဦးကျော်လင်း နှင့် ဦးမြင့်သိန်း တို့မှ ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခဲ့ကြပြီး သင်တန်းကို (၁၈.၉.၂၀၁၆)ရက် နံနက် (၉) မှ ညနေ (၃) ဖွင့်လှစ်သင်ကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးကျော်ဌေးဝင်း၊ မြိတ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းဆွေ၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုး၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြိတ်မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင် သင်တန်းသူ/သင်တန်းသား (၅၀) ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီမြိတ်


Leave a Reply