မျက်နှာပြင် ၁၀.၁ လက်မ အရွယ်ရှိ Samsung ၏ နောက်ဆုံးပေါ် tablet တွင် S Pen ပါဝင်လာ

sm-p550_tab-a_titanium_11_dynamic_lock_lr_e

Samsung သည် Note 7 တွင် ပါဝင်သော stylus feature များအားလုံး အသုံးပြုနိုင်ရန် S Pen ပါဝင်သည့် ၁၀.၁ လက်မအရွယ်ရှိ Galaxy Tab A (2016) tablet ကို မိတ်ဆက်ခဲ့သည်။

Samsung သည် Galaxy Tab A အမည်ဖြင့် မျက်နှာပြင်အရွယ် မတူညီသော ထုတ်ကုန်များကို ဖြန့်ချိလျက်ရှိ သည်။ ယခု tablet တွင် မျက်နှာပြင် ၁၀.၁ လက်မ ရုပ်ထွက်အရည်အသွေး 1920×1200 pixel ရှိပြီး 1.6GHz octa-core Exynos 7870 ပရိုဆက်ဆာနှင့် RAM 3GB တို့ပါဝင်သည်။

Galaxy Tab A တွင် TFT panel အသုံးပြု ထားသောကြောင့် 16:10 မျက်နှာပြင် သတ်မှတ်ချက်ဖြင့် portrait အသားပေး ကြည့်ရူရာတွင် ကျဉ်းမြောင်းလျက်ရှိသည်။ Samsung ၏ Galaxy Tab A ၏ internal storage 32GB ကို 256GB အထိ တိုးချဲ့အသုံးပြုနိုင်ရန် microSD card slot တို့ပါဝင်ပြီး 7,300mAh ဘက်ထရီမှာ ၁၄ နာရီ အသုံးပြုနိုင်သည်။ ကင်မရာပိုင်းတွင် ရှေ့၌ 2 megapixel နှင့် ကျောဘက်တွင် 8-megapixel တို့ပါဝင်သည်။

Tablet ၏ညာဘက်ထောင့်တွင် S Pen slot ပါဝင်သလို Note 7 တွင်တွေ့ရသော feature များအတိုင်း ပါဝင်လာသည်။ S Pen တွင် ဓာတ်ပုံများပေါ်တွင် မှတ်ချက် ထည့်သွင်းခြင်း၊ ပုံဆွဲခြင်းအပြင် pop-up menu မှတစ်ဆင့် အသုံးပြုနိုင်သော လုပ်ဆောင်ချက် အမျိုးမျိုးလည်း ပါဝင်သည်။ Note တွင်ပါဝင်သော အနက်ရောင် မျက်နှာပြင်တွင် မှတ်စုရေးနိုင်သည့် feature လည်း Galaxy Tab A ၌ပါဝင်လာသည်။

Galaxy Tab A (2016) တွင် Android 6.0 Marhsmallow အသုံးပြုထားပြီး Samsung ၏ TouchWiz multitasking feature ပါဝင်လာသည်။ Samsung အနေဖြင့် Galaxy Tab A (2016) ကို ဝမ် ၄၈၉,၀၀၀ ဖြင့် တောင်ကိုရီးယား နိုင်ငံအတွက်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး 4G LTE မော်ဒယ်များ ထုတ်လုပ် သွားမည် ဖြစ်သည်။


Leave a Reply