ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အမေရိကန်အား အီရန်တောင်းဆို

14379913_1757272364513264_8224922662818921162_o

တီဟီရန် စက်တင်ဘာ ၁၉

အီရန်သည် လေကြောင်းလိုင်းကဏ္ဍကို မြှင့်တင်ရန်ကြိုးပမ်း နေသည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင် ရေးအတွက် ခရီးသည်လေယာဉ်များကို ဝယ်ယူရာတွင် ကျန်ရှိနေသေးသည့် ပိတ်ဆို့မှု အတားအဆီးများ ကို ဖယ်ရှား ပေးရန် တနင်္ဂနွေနေ့က အမေရိကန်အား တောင်းဆိုခဲ့ သည်။

အီရန်သည် ၄င်း၏နျူကလီးယားဆောင်ရွက်မှုများအပေါ် ချုပ်ချယ်ခံရသည့် အပြောင်းအလဲအနေဖြင့် ပိတ်ဆို့မှုများကို လျော့ကျစေရန် တီဟီရန်နှင့် အင်အားကြီး နိုင်ငံများအကြား အဲယားဘတ်စ်နှင့် ဘိုးရင်းအမျိုးအစား ဂျက်လေယာဉ် ၂ဝဝ ကျော်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၅ဝ တန်ဖိုးဝယ်ယူရန် ယခုနှစ်အစောပိုင်းတွင် သဘောတူညီခဲ့သည်။

အမေရိကန်ငွေကြေးသုံးစွဲမှုတွင် ကန့်သတ်ချက်များ ရှိနေပြီး ပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်လာမည်ကို စိုးရိမ်မှုများ ရှိနေသည့်အတွက် သဘောတူစာချုပ် ချုပ်ဆိုရာ တွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဖြစ်သည်။

ကျေးလက်နှင့်လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး အာဘတ်စ်အခေါင်ဒီက အီရန်သည် အခြားသော လေယာဉ်ထုတ်လုပ်ရောင်းချသူများနှင့် ဆက်လက် ညှိနှိုင်း နေကြောင်း လေကြောင်းသွားလာမှု ကွန်ဖရင့် ၌ ပြောကြားခဲ့သည်။

(ရိုက်တာ)


Leave a Reply