ပန်းသီး စားသုံးခြင်းဖြင့် ရရှိသော ကောင်းကျိုး (၁ဝ) ချက်

တစ်နေ့ ပန်းသီး တစ်လုံးစားလျှင်  ဆရာဝန်ပင် မလိုဟု အနောက်တိုင်း ဆိုရိုးရှိသည်။ သို့ရာတွင် ပန်းသီးမှ ရရှိသော ကောင်းကျိုးများ ကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်ဖော်ပြပါ အချက်များသည် ပန်းသီး စားသုံးခြင်း၏ ဆိုရိုးကို ထောက်ခံသော ရလဒ်များပင်ဖြစ်သည်-

images2

(၁) အရိုးကိုကာကွယ်ခြင်း

Flavanoid ဒြပ်ပေါင်းသည်  သွေးဆုံးပြီး အမျိုးသမီးများ၏ အရိုးသိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ် သုတေသီများက ဆိုသည်။ အဆိုပါဒြပ်ပေါင်းသည် ပန်းသီး၌သာ ပါရှိသည်။ ထို့အပြင် ပန်းသီးတွင် ပါသည့် Boron ဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေသည်။

(၂) ပန်းနာရင်ကျပ်ရောဂါမှ ကာကွယ်ခြင်း

လေ့လာစမ်းသပ်ချက်အရ ပန်းသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးသောကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သောကလေးများထက် ပန်းနာဝေဒနာခံစားရမှုမှ လျော့နည်းစေသည်ဟုသိရသည်။ ကိုယ်ဝန်ဆောင် မိခင် လောင်းများ၌ ပန်းသီးများများ စားသုံးသူများနှင့် ပန်းသီးမစားသောသူများကို နှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီးစားသုံးမှုများသော မိခင်၏ကလေး၌ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရသည်ဟုဆိုသည်။

(၃) အယ်လိဇိုင်းမားရောဂါမှ ကာကွယ်ခြင်း

အမေရိကန်နိုင်ငံ Cornell တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ ကြွက်များနှင့်စမ်းသပ်ချက်အရ ပန်းသီးတွင် ပါဝင် သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ်များရှိ Free radical များပျက်စီးခြင်းမှ ကာကွယ်ပေးသည်။ ယင်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှု လျော့ကျစေသည်ဟု ဆိုသည်။

(၄) ကိုလက်စထရော ကျဆင်းစေခြင်း

တစ်နေ့လျှင် ပန်းသီးနှစ်လုံး စားသုံးပါက သွေးတွင်း အဆီဓာတ်ကို ၁၆ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရသည်။

(၅) အဆုတ်ကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း

သုတေသီများ၏ လေ့လာချက်အရ ပန်းသီးစားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေသည်။

(၆) ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

Cornell တက္ကသိုလ်မှ စမ်းသပ်ချက်အရ တစ်နေ့ပန်းသီးတစ်လုံးနှုန်း  အကျွေးခံရသော ကြွက်များတွင် ရင်သား ကင်ဆာဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟုဆိုသည်။ အဆိုပါကြွက်များကို တစ်နေ့ ပန်းသီး သုံးလုံး ကျွေးသောအခါ ၃၉ ရာခိုင်နှုန်းအထိ ကာကွယ်ကြောင်း၊ တစ်နေ့ခြောက်လုံးအထိကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ်တွေ့ရှိရကြောင်း သိရသည်။

(၇) အူမကြီးကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

အဆိုပါတက္ကသိုလ်၏ လေ့လာချက်အရ ပန်းသီးဖျော်ရည်တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီးကင်ဆာ ဖြစ်ပွား မှုမှာ ၄၃ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးကြောင်း လေ့လာတွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်းတစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူပြုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ် ပေးသည်။

(၈) အသည်းကင်ဆာဖြစ်ပွားမှု လျော့နည်းစေခြင်း

ပန်းသီးအခွံပါ ရောကြိတ်ထားသည့် ဖျော်ရည်သောက်သုံးပါက အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးသည်။

(၉) ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း

လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ်အက်စစ်ကို ပန်းသီးတွင် ပါဝင်သည့် Pectin ဒြပ်ပေါင်းက အထောက်အပံ့ ပေးခြင်း ဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးသည်။

(၁၀) ကိုယ်အလေးချိန် တက်မလာအောင် ကာကွယ်နိုင်ခြင်း

ကိုယ်အလေးချိန် လျှော့နေစဉ် အချိန်အတွင်း  ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီးများ သည် မစားသောအမျိုးသမီးများထက် ကိုယ်အလေးချိန်ကျနှုန်း ပို၍ မြန်ဆန်ကြောင်းကို ဘရာဇီး သုတေသီတို့က လေ့လာချက်အနေဖြင့် ဖော်ပြထားသည်။

www.phothutaw.com


Leave a Reply