ဖျော်ဖြေမှုပေးသည့် ကစားပုံရရန် အဓိကထားဟု မန်စီးတီးနည်းပြ ပြော

Football Soccer - Bayern Munich v SV Darmstadt 98 - German Cup (DFB Pokal) - Allianz-Arena, Munich, Germany - 15/12/15 Bayern Munich's coach Pep Guardiola during the match REUTERS/Michael Dalder. DFB RULES PROHIBIT USE IN MMS SERVICES VIA HANDHELD DEVICES UNTIL TWO HOURS AFTER A MATCH AND ANY USAGE ON INTERNET OR ONLINE MEDIA SIMULATING VIDEO FOOTAGE DURING THE MATCH.

နိုင်ပွဲတွေရရှိရေးထက် ဖျော်ဖြေမှုပေးတဲ့ကစားပုံ ရရှိအောင်ပဲ အဓိကထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

ဘာစီလိုနာအသင်းကို ကိုင်တွယ်တုန်းက အောင်မြင်မှု ဆုဖလားတွေ နိုင်ပွဲစံချိန်တွေ ရခဲ့ပေမယ့် ဒီလိုအောင်မြင်မှု တွေရဲ့အကြောင်းကို တခါမှ မပြောခဲ့ဘူးလို့ ဂွါဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းမှာလည်း နိုင်ပွဲတွေ ဆက်တိုက်ရနေပေမယ့် တချိန်ချိန်မှာ ရှုံးပွဲတွေ့နိုင်ပြီး ပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေမှု ပေးနိုင်မယ်ဆိုရင် ကျေနပ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲမှာ ပွဲတိုင်းအနိုင်ကစားထားပြီး သွင်းဂိုး ၂၅ ဂိုးအထိ ရရှိထားလို့ တိုက်စစ် အကောင်းဆုံး အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

(ရိုက်တာ)


Leave a Reply