ဂျပန်မှာ ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ် ပြုလုပ်၊ သက်ကြီးလူဦးရေ (၃၄) သန်းအထိ မြင့်တက်လာ

respect-for-aged-day

(ဓာတ်ပုံ – အီးပီအေ)

တိုကျိုမြို့မှာ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း ဂျပန်လူမျိုးများစွာက ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးလှုပ်ရှားမှုတစ်ရပ်မှာ ပါဝင် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုများက လူ့အဖွဲ့အစည်းကို ပံ့ပိုးမှုများဖြစ်စေပြီး လူငယ်များက အသက်ကြီးများအား အရိုအသေပေးတဲ့ အနေနဲ့ အများပြည်သူ အားလပ်ရက်နေ့အဖြစ် ကျင်းပကြပါတယ်။

ဂျပန်နိုင်ငံအတွင်း အသက် (၆၅) နှစ် သို့မဟုတ် အထက် သက်ကြီးလူဦးရေ (၃၄.၆) သန်းနဲ့ စံချိန်တင် မြင့်မားမှု ရှိလာပြီး တိုင်းပြည်ရဲ့ စုစုပေါင်း လူဦးရေရဲ့ (၂၇) ရာခိုင်နှုန်းကျော်ဟာ သက်ကြီးများဖြစ်ကြောင်း အစိုးရ ဒေတာများအရ Japan Today သတင်းဝက်ဆိုက်က ဖော်ပြထားပါတယ်။

သက်ကြီးလူဦးရေရဲ့ (၁၄.၉၉) သန်းဟာ အမျိုးသားများဖြစ်ပြီး (၁၉.၆၂) သန်းက အမျိုးသမီးများ ဖြစ်တယ်လို့ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ယခင်တစ်နှစ်က သက်ရာကျော် ဦးရေ (၄,၁၂၄) အထိ မြင့်တက်လာမှုနှင့်အတူ အသက် (၁၀၀)နှင့်အထက် လူဦးရေမှာ (၆၅,၆၉၂) ဦးဖြင့် ဂျပန်က အမြင့်ဆုံးအရေအတွက် စံချိန်ချိုးခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ကိန်းဂဏာန်းများကို ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။

အသက် (၁၀၀)နှင့်အထက် လူဦးရေ စုစုပေါင်းရဲ့ (၈၇.၆) ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်တယ်လို့ အဆိုပါ ဝန်ကြီးဌာနက ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ အမျိုးသမီးများရဲ့ ပျမ်းမျှသက်တမ်း ပတ်ဝန်ကျင်းမှာ (၈၇.၀၅) နှစ်ရှိပြီး အမျိုးသားများမှာ (၈၀.၇၉) နှစ်ရှိကြောင်း ဝန်ကြီးဌာနက ထည့်သွင်း ဖော်ပြထားပါတယ်။

Ref; EFE_EPA


Leave a Reply