ဝါဒါဘရီမင်နည်းပြ ဗစ်တာစကရစ်နစ်ခ် ထုတ်ပယ်ခံရ

019559434_30300

ယခုရာသီတွင် ၀ါဒါဘရီ မင်အသင်းသည် ငါးပွဲဆက်တိုက် ရှုံးနိမ့်မှုအဖြစ် မိုချန်ဂလာဘတ် ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ပြီးနောက် နှစ်ပေါင်း ၂၀ ကြာလက်တွဲလာ သော ဗစ်တာစကရစ်နစ်ခ်ကို ၀ါဒါဘရီမင်အသင်းက နည်းပြ ရာထူးမှ ထုတ်ပယ်လိုက်သည်။

မိန့်ဇ်အသင်း၊ ၀ုဖ်ဘတ် အသင်းတို့နှင့် ပွဲစဉ်များအတွက် အသက် (၂၃)နှစ်အောက် အ သင်းနည်းပြ အလက်ဇန်းဒါးနိုရီ က တနင်္လာနေ့က စတင်၍ ယာယီ နည်းပြအဖြစ် တာဝန်ယူမည်ဖြစ် ပြီး ဖလော်ရီယန်ဘရမ်းစ်က လက်ထောက်အဖြစ် ကူညီမည် ဖြစ်သည်။

ဂျာမန်ဘွန်ဒက်စ်လီဂါက လပ် ၀ါဒါဘရီမင်က စကရစ်နစ်ခ် ၏ လက်ထောက်နည်းပြများဖြစ် သော ဖလိုရီယန်ခိုဖက်သ်နှင့် တော်စတန်ဖရင်းစ်တို့ကိုလည်း တနင်္ဂနွေနေ့က ထုတ်ပယ်ခဲ့သည်။မိုချန်ဂလာဘတ်နှင့်ပွဲတွင် စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရ ပြီးနောက် လက်ရှိနည်းပြအဖွဲ့ က ချက်ချင်းအပြောင်းအလဲဖြစ် လာအောင် ဆောင်ရွက်နိုင်မည် မဟုတ်ဟု ထင်မှတ်သဖြင့် နည်းပြအဖွဲ့ကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၀ါဒါဘရီမင် အားကစား ညွှန်ကြားရေးမှူး ဖရန့်ခ်ဘော့မန်း က ပြောကြားသည်။

ပြီးခဲ့သောနှစ်များက ၀ါဒါဘ ရီမင်အသင်းကို ကြိုးစားပေးခဲ့ ခြင်းများအတွက် စကရစ်နစ်ခ်နှင့် ၎င်း၏ လက်ထောက် နည်းပြများ ကို ကျေးဇူးတင်ကြောင်း ဖရန့်စ် ဘော့မန်းက ပြောသည်။

ဘရီမင်သည် ဂျာမန်ဖလား ပထမအကျော့တွင် တတိယတန်း အသင်းလော့တီကို ရှုံး၍ ထွက်ခဲ့ ရပြီး ဘွန်ဒက်စ်လီဂါ၌ သုံးပွဲ ဆက်ရှုံးပွဲအဖြစ် မိုချန်ဂလာဘက် ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

စကရစ်နစ်ခ်သည် ၁၉၉၆ က၀ါဒါဘရီမင်သို့ နောက်ခံကစားသမားအဖြစ် ရောက်လာခဲ့ကာ ၂၀၀၄ တွင် လူငယ်အသင်းကို နည်းပြခဲ့ပြီး အသင်းကြီးကို ၂၀၁၄အောက်တိုဘာက စတင်တာဝန် ယူခဲ့သည်။

-Ref; goal.com


Leave a Reply