ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲယှဉ်ပြိုင်စဉ် အီရန်စက်ဘီးသမား သေဆုံး

14409873_1756818681225299_3832596426080824167_o

ရီယိုဒီဂျနေရိုး စက်တင်ဘာ ၁၈

ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ အီရန် စက်ဘီးသမားတစ်ဦးသည် C4-5လမ်းကြောင်းပေါ် စီးနင်း ယှဉ်ပြိုင်နေစဉ် မတော်တဆဖြစ်ကာ သေဆုံးသွားကြောင်း သိရသည်။

နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲကော်မတီက အီရန်ကစားသမားဘာဟမ်ဂိုဘာနီဇက် (၄၈ နှစ်)သည် ၄င်း စီးနင်းခဲ့သည့် တောင်ဆင်းတောင်တက်သဖွယ် ပြေးလမ်းပေါ်တွင် မတော်တဆဖြစ်ပြီး နှလုံးရပ်သွားခဲ့သည်ဟု ပြောကြားခဲ့သည်။
အရေးပေါ်လူနာတင် ကားရောက်ရှိလာကာ ဘာရာရှိUnimed Rio အနီးဆုံးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဂိုဘာနီဇက်သည် ၂ဝ၁၂ ခုနှစ်က လန်ဒန်၌ကျင်းပသည့် မသန်စွမ်း အားကစားပြိုင်ပွဲ၌လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

မတော်တဆဖြစ်ပွားခဲ့သည့် အကြောင်းကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကြေညာခဲ့သည်။ တနင်္ဂနွေနေ့က ပြုလုပ်သည့် အခမ်းအနားပိတ်ပွဲတွင် အီရန်အလံကို နှိမ့်ချခဲ့ပြီး ငြိမ်သက် တိတ်ဆိတ်စွာ ဝမ်းနည်းခြင်း ဖော်ပြခဲ့ကြကြောင်း သိရသည်။ ဂိုဘာနီဇက်သည် စက်ဘီးစီးသက်တမ်း ၁၂ နှစ်ရှိပြီး အိမ်ထောင်ရှိသူဖြစ်ကာ သားတစ်ယောက် ရှိကြောင်း သိရသည်။

(ဘီဘီစီ)


Leave a Reply