“ရခိုင်ပြည်နယ်လွှတ်တော်ရဲ့အဆိုကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ပြည်နယ်အစိုးရကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်” လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် ပြောပြီ

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တယ်။ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်မှာတော့ ရှုံးနိမ့်ခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က ပြည်ထောင်စုနယ်မြေမှာ သက်ရောက်သလို ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကလည်း သူ့ပြည်နယ်မှာ သက်ရောက်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ချမှတ်လိုက်တဲ့အဆိုဟာ ရခိုင်ပြည်နယ်အတွင်းမှာ သက်ရောက်တယ်။ အဲ့ဒါကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် အစိုးရကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်လေ။ ဒါလုပ်လို့ရတယ်။

14390977_1673769779607250_4814580628826554160_n

အခု ကိုဖီအာနန်ကော်မရှင်က ဖွဲ့တယ်ဆိုတာ အစိုးရအာဏာနဲ့ပဲ လုပ်ရမယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ အကြောင်း ကြောင်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးကို ယူထားပေမယ့် ဒီနေ့အချိန်ထိ ပုဒ်မ ၂ဝဝ ကို မပြင်ဆင်နိုင်တဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူး မပါဘူး။ ရာထူး မရှိတဲ့အတွက် အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ လုပ်ရမယ့်အခြေခံဥပဒေအရ ကော်မရှင်ဖွဲ့တဲ့အလုပ်ကို မလုပ်နိုင်ဘူး။ ဒီကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် တွေကို ကြည့်မယ် ဆိုရင် တိုင်းရင်းသားအားလုံး စိုးရိမ်တဲ့အချက်တွေက ကျွန်တော်တို့ရဲ့ လူမျိုး ၁၃၅ မျိုးမှာ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေမပါဘူး။ ဘင်္ဂါလီတွေကို သာမန်နိုင်ငံသားတင် မဟုတ်ဘူး။ ဦးတည်ချက်က တိုင်းရင်းသားအဖြစ် ဦးတည်ပြီးတော့ နောင်ပေးရတော့မယ့် နယ်မြေမျိုးထူထောင်လာရင် ကျွန်တော်တို့တိုင်းပြည်က ကိုဆိုဗိုလို ဖြစ် သွားမယ့် အလားအလာရှိတယ်။

အခု လူဦးရေပေါက်ဖွားမှုနှုန်းနဲ့ကြည့်ရင်လည်း သူတို့အသိုင်းအဝိုင်းရဲ့ လူဦးရေပေါက်ဖွားမှုနှုန်းက အင်မတန် ကြောက်လန့်စရာကောင်းတယ်။ ဒီကော်မရှင်က သူတို့ကို လူမျိုးအဖြစ်သတ်မှတ်ပြီးမှ ကျွန်တော်တို့နိုင်ငံထဲမှာ ဒီနိုင်ငံသားသဖွယ် တိုင်းရင်းသားသဖွယ် လုပ်ခွင့်ပေးလိုက်ရင် နောင် ၂ဝ၃ဝ လောက်ကျရင် နောက် ၁၅ နှစ်မှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်တစ်ခုတင် မကဘူး။ မြန်မာနိုင်ငံရဲ့အောက်ပိုင်းတစ်ခုလုံးဟာ အင်မတန်မှ ဘေးအန္တရာယ်ကျရောက် လာမယ့် အနေအထား ရှိလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် မီဒီယာများအား ၁၇-၉-၂၀၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

#  မိုးသီး အသံ Post


Leave a Reply