လေးမျက်နှာမြို့နယ် သမိုင်းဝင်ထူပါရုံစေတီတော်ကြီး သန့်ရှင်းသာယာရေး ၀ိုင်းဝန်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်း ဦးဆောင်၍ ပါတီကော်မတီဝင် များ၊ ရပ်/ကျေးစည်းမှူးများ၊ ပါတီဝင်များ အင်အား (၈၀) ခန့်သည် စက်တင်ဘာလ (၁၅) ရက်က လေးမျက်နှာမြို့နယ် ငဝန်မြစ်တစ်ဖက်ကမ်းရှိ လေးမျက်နှာမြို့ ကျက်သရေဆောင် သမိုင်းဝင် ထူပါရုံစေတီတော် ရင်ပြင်တော်ပေါ် မိုးတွင်းကာလ တင်ကျန်ခဲ့သော နုန်းသဲမြေများကို ဒေသခံပြည်သူများနှင့်အတူ လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ယင်းနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း ကျောင်းတွင် အပတ်စဉ် အဖိတ်နေ့တိုင်း သင်တန်းတက်ကြသော ဓမ္မစကူလ်းကျောင်းသား/ကျောင်းသူ (၁၅၀) ခန့်အား အဟာရဒါန သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

# Laymyethna


Leave a Reply