ကယားပြည်နယ်၊ ပါတီကော်မတီဝင်များနှင့် ဖရူဆိုမြို့နယ်ပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် များနှင့် ဖရူဆိုမြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁၅) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်က ဖရူဆိုမြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီဝင် များဖြစ်ကြသော ဦးရီးချက်၊ ဦးအန်ဒရေးရ(မီး)၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဒေါရစ်လေး၊ ဒေါ်ဗျားမြာမောင်နှင့် လွိုင်ကော်ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အားသာချက်၊ အားနည်းချက်များကို ချိန်ထိုးဆွေးနွေးကြပြီး လာမည့် ၂၀၁ရကြားဖြတ်ရွေးကောက်ပွဲအောင်မြင်စွာ ၀င်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များ အသေးစိတ် ဆွေးနွေး ခဲ့ကြပြီး နေ့လည် (၁) နာရီတွင် အောင်မြင်စွာပြီးစီးကြောင်း သတင်းရရှိသည်။

ဗျားမြာမောင်(ချိကယ်သူ)


Leave a Reply