မိုးကောင်း ပြည်ခိုင်ဖြိုးပါတီ သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပွဲ ပါဝင် လောင်းလှူကုသိုလ်ပြု

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးများ၊ ပါတီဝင်များပါဝင်သော အင်အား (၂၅) ဦးသည် စက်တင် ဘာလ (၁၄) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ပြုလုပ်သော မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် သံဃာ့ဒါန ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ ပါဝင် တက်ရောက်၍ ဆွမ်းဆန်တော်နှင့် ကော်ဖီမစ်ထုပ်များ လောင်းလှူကုသိုလ်ယူခဲ့ကြသည်။

 14344903_182997935461451_6368350823299758914_n 14364624_182997952128116_6908818078691615575_n

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် အလှူရှင်များမှ မိုးကောင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ သီလရှင် ကျောင်းများမှ ကြွရောက်လာကြသော သံဃာတော် (၃၆၈) ပါး နှင့် သီလရှင် (၁၄၀) ပါးတို့အား ဆွမ်းဆန်၊ ဝတ္ထုပစ္စည်း စုစုပေါင်းတန်ဘိုး ၂၁၇ သိန်းကျော်ဘိုး လောင်းလှူခဲ့ကြောင်း သိရသည်

# Kachin Lion


Leave a Reply