ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် စစ်ကိုင်းတိုင်းဒေသကြီးပါတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက် (၈) နာရီအချိန်က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံးတွင် ပြုလုပ်သော တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်း (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး(ဗဟိုကော်မတီဝင်)၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ ဦးစောမြင့်ဦး (ဗဟိုကော်မတီဝင်)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီဝင်းရွှေ (ဗဟိုကော်မတီဝင်)၊ ဒေါ်ညွန့်ညွန့်ဌေး (ဗဟိုကော်မတီဝင်)၊ ဦးသောင်းမြင့် (ဗဟိုကော်မတီဝင်)၊ ဦးမြင့်တင်(ဗဟိုကော်မတီဝင်)၊ ဦးအောင်ကိုစံ၊ ဒေါ်ယဉ်မာဝင်းနှင့် ဦးသန်းဝင်းထွန်းတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး အရန်အလုပ်အမှုဆောင်များဖြစ်ကြ သည့် ဦးတင့်လှိုင်မြင့် (ဗဟိုကော်မတီဝင်)၊ ဦးစိုးစိုး၊ ဦးကျော်သန်းနှင့် ဦးဘိုဝင်း တို့လည်း တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပါတီဗဟိုဦးဆောင်ကော်မတီဝင်နှင့် တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်အဖွဲ့တို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပါတီ စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား အသေးစိတ် ညှိနှိုင်း ဆွေးနွေး သုံးသပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
အေးဇေယျာ