ကယားပြည်နယ် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအခမဲ့ စမ်းသပ်ကုသမှုဆောင်ရွက်ပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ သီတဂူတက်လမ်း စက္ခုဒါနဆေးရုံတွင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဦးမြအောင် ဦးဆောင်သောအဖွဲ့ ဆရာဝန်ကြီး(၆)ဦးအပြင် သူနာပြုအဖွဲ့ (၁၀)ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်၊ ၀န်ထမ်းများစုပေါင်းပြီး မျက်စိအခမဲ့ ခွဲစိတ်မှုများကို စက်တင်ဘာလ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

14359021_429371047238028_6684902687277565972_n

အဆိုပါ သီတဂူတက်လမ်း စက္ခုဒါနမျက်စိဆေးရုံတွင် ကယားပြည်နယ် အတွင်းမှ ဒေသခံများအပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူမျာ်း လာရောက်၍ ဆေးကုသမှုခံယူခဲ့ကြပါသည်။

ထိုသို့အခမဲ့ဆေးကုသမှုဆောင်ရွက်ရာတွင် ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းမှ ဦးဆောင်ပြီး၊ လွိုင်ကော်ခရိုင်နှင့် လွိုင်ကော်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ လုပ်အားဒါနပြုခဲ့ကြပါကြောင်း သတင်းရရှိသည်။

ဗျားမြာမောင်(ချိကယ်သူ)


Leave a Reply