သတင်းအတုများကို တားဆီးရန် Facebook နှင့် Twitter က ကွန်ရက်တစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မည်

Facebook နှင့် Twitter သည် လူမှုရေး မီဒီယာပေါ်မှ သတင်းအတုများကို တားဆီးရန်နှင့် သတင်းအချက်အလက် အရည်အသွေး ပိုမိုကောင်းမွန်စေရန်အတွက် သတင်းနှင့် နည်းပညာကုမ္ပဏီ ၃၀ ကျော်ခန့်ပါဝင်သော ကွန်ရက် တစ်ခုနှင့် ပူးပေါင်းခဲ့သည်။

facebook-twitter-640x0

၂၀၁၅ ခုနှစ် ဇွန်လက တည်ထောင်ခဲ့သော First Draft Coalition ကို Alphabet Inc ၏ Google မှ ပံ့ပိုး ထားသည်။ ၎င်းသည် လူမှုရေးမီဒီယာသုံးစွဲသူများအကြား သတင်းရေးသားဖတ်ရှုမှု အလေ့အထ မြှင့်တင်ရန် voluntary code တစ်ခု ဖန်တီးပေးမည်ဖြစ်သည်။ ထို့နောက် သံသယဖြစ်ဖွယ်ရာ သတင်းဆောင်းပါးများအား အဖွဲ့ဝင်များက အတည်ပြုနိုင်မည့် platform တစ်ခုကို စတင်ဖြန့်ချိမည်ဖြစ်သည်။

၎င်း platform ကို အောက်တိုဘာလကုန်ပိုင်းတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ မန်နေဂျင်း ဒါရိုက်တာ ယန်နီဆာဂျင့်က ပြောကြားခဲ့သည်။

First Draft အဖွဲ့၏ အဖွဲ့ဝင်များတွင် New York Times, Washington Post, BuzzFeed News, Agence France-Presse နှင့် CNN တို့ပါဝင်သည်။

ကမ္ဘာ့အကြီးဆုံး လူမှုရေးမီဒီယာကွန်ရက်ဖြစ်ပြီး တစ်လလျှင် သုံးစွဲသူ ၁.၇ ဘီလျံခန့်ရှိသည့် Facebook သည် သတင်းအတုများနှင့် သတင်းအချက်အလက်အမှားများကို ဖြန့်ဝေမှုတွင် အဓိကကျသည့်နေရာမှ ပါဝင်သော ကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့နေရသည်။

Twitter တွင်မူ နေ့စဉ်သုံးစွဲသူ သန်း ၁၄၀ ခန့်ရှိပြီး ကြားဖြတ်သတင်းများနှင့် မျက်မြင်သက်သေ အကြောင်း အရာများ ဖြန့်ဝေရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

# Internet Journal


Leave a Reply