(၁၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲဖွင့်လှစ်

တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang (ကွမ်ရှီကျွာမ်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Nanning (နန်နင်း) မြို့တွင် (၁၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာလ(၁၁)ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

14257755_1656804397967433_1583084722676522211_o

တရုတ်နှင့် အာဆီယံနိုင်ငံများကြား ချစ်ကြည်ရေးနှင့် ကုန်သွယ်ရေးတိုးတက်လာရန်အတွက် အရေးပါသည့် အခန်း ကဏ္ဍအဖြစ် အဆိုပါကုန်စည်ပြပွဲကို (၂၀၀၄) ခုနှစ်မှစတင်ကာ တရုတ်နှင့် အာဆီယံ(၁၀) နိုင်ငံများ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
(၂၁)ရာစု ရေကြောင်းပိုးလမ်းမတည်ဆောက်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အတူ (၁၃)ကြိမ်မြောက်ပြပွဲကို စက်တင် ဘာလ (၁၁)ရက်မှ (၁၄)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ စက်မှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပစ္စည်း
ကိရိယာများထုတ်လုပ်မှု အဓိကကဏ္ဍများတွင်  တရုတ်နှင့် အာဆီယံနိုင်ငံများအကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံ မှုကို ရှေ့တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပြပွဲတွင် ကုမ္ပဏီပေါင်း (၂,၆၇၀) ပါဝင်ပြသမည်ဖြစ်ပြီး ယင်းမှာ ဆယ်စုနှစ်အတွင်း အရေအတွက်အများဆုံး ပါဝင်ပြသခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောသည်။

အဆိုပါပြပွဲတွင် တရုတ်ကုမ္ပဏီ (၁,၆၅၀)ကျော်နှင့်အတူ နိုင်ငံခြားကုမ္ပဏီ (၁,၀၂၀)ကျော် ပါဝင်ပြသမည် ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

# Central News Bureau


Leave a Reply