ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံ

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ ဘောလခဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲကို ယခုလ ၇ ရက်က ဘောလခဲခရိုင်ပါတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် သဘာပတိအဖွဲ့အဖြစ် ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးကျော်သန်း၊ ဦးအေးမောင်နှင့် ဦးစိုင်းသာစိန်တို့က ဆောင်ရွက်ပြီး ဗဟိုကော်မတီဝင်များ၊ ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ဘောလခဲခရိုင်ပါတီကော်မတီဝင်များ၊ ဘောလခဲမြို့နယ်၊ ဖားဆောင်း မြို့နယ်နှင့် မယ်စဲ့မြို့နယ်ကော်မတီဝင်များ အသီးသီး တက်ရောက် ကြသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တက်ရောက်လာသော ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌ အသီးသီးက လက်ရှိအခြေအနေနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ၊ ၂ဝ၂ဝ ပါတီအောင်နိုင်ရေး အတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် စုစုပေါင်း အင်အား ၆၅ ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

ဗျားမြာမောင်


Leave a Reply