ဂြိုဟ်သိမ်ဂြိုဟ်မွှား နမူနာ စုဆောင်းရန်အာကာသယာဉ်ကို နာဆာ လွှတ်တင်
သက်ရှိများ၏အစကို ပိုမိုလေ့လာနိုင်မည်ဟု မျှော်လင့်လျှက် ဂြိုဟ်သိမ်နမူနာများကို စုဆောင်းပြီး ကမ္ဘာသို့ ပြန်လာ မည့် နာဆာ၏ ပထမဆုံးစက်ရုပ်ပါ အာကာသယာဉ်ကို ဖလော်ရီဒါပြည်နယ်ရှိ ကနေဒီအာကာသစခန်းမှ လွှတ်တင် ပြီဟု သိရသည်။
နာဆာ၏ United Launch Alliance မှ တည်ဆောက်ထားသော အထပ် ၁၉ ထပ်ပါ ဒုံးကျည်တွင် ကမ္ဘာအနီးရှိ ဂြိုဟ်သိမ် ဘန်နူသို့ ခရီးနှင်မည့် အိုရီဆစ်ရက်စ်ဂြိုဟ်တုပါရှိပြီး ၎င်းဒုံးကျည်ကို ဒေသစံတော်ချိန် ညနေ ၇ နာရီတွင် ကာနေဘရယ်အငူ လေတပ်စခန်းမှ လွှတ်တင်ခဲ့သည်။
ဒုံးကျည်၏ ထိပ်ပိုင်းမှ အလေးအချိန် ပေါင် ၃၃၀၀ ရှိသည့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်း ခွဲထွက်လာပြီးနောက် တစ်နာရီအတွင်း အသံထက် ၂၈ ဆမြန်သော တစ်နာရီလျှင် မိုင် ၂ သောင်း ၂ ထောင်နှုန်းဖြင့် ထွက်ခွာသွားပြီး ဒေါ်လာ ၁ ဘီလီယံကုန်ကျခဲ့သည့် ၇ နှစ်ကြာမည့် ခရီးစဉ်ကိုကို စတင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ref:AFP