၇၇ နှစ်မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေချ

စက်တင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် အာရှနေ၀န်း၊ ရခိုင့်အာဇာနည် ဆရာတော်အသျှင် ဦးဥတ္တမနေ့တွင် ရခိုင်တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦးဥတ္တမ ကြေးရုပ်ထုအား နံနက် ၈ နာရီက ဂါရ၀ပြု လွမ်းသူ့ပန်းခွေချ ကန်တော့ခဲ့ကြသည်။

အဆိုပါလွမ်းသူ့ပန်းခွေချကန်တော့ခြင်းအခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ကော်မတီဝင်များ၊ စစ်တွေခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်အား ၃၀၀ ၀န်းကျင်တက်ရောက် ဦးချကန်တော့ ခဲ့ကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အသီးသီး၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးများမှလည်း ဆရာတော် ဦးဥတ္တမအား လွမ်းသူ့ပန်းခွေချ ကန်တော့ခဲ့ကြ ကြောင်းလည်း သိရှိရသည်။


Leave a Reply