အိုဆာဆူနာနှင့်ပွဲတွင် ပါဝင်ကစားမည်ဟု ရော်နယ်ဒိုအတည်ပြု

c-ronaldo_0

အိုဆာဆူနာနှင့် ယနေ့ ယှဉ်ပြိုင်မည့် လာလီဂါပွဲတွင် ရီးရဲလ်၌ ပါဝင်ကစားမည်ဟု တိုက်စစ်မှူး ရော်နယ်ဒိုက ပြော ကြားလိုက်သည်။ ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လု ပွဲတွင် ပေါ်တူဂီအတွက် ပါဝင် ကစားရင်း ဒူးဒဏ်ရာရရှိခဲ့သည့် ရော်နယ်ဒို (၃၁)နှစ်သည် ရီးရဲလ် ၏ ယခုရာသီလာလီဂါပွဲများနှင့် စူပါဖလားပွဲများကို လွဲချော်ခဲ့သည်။

ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပြင်သစ်မှ ဒီမီထရီပါရက်နှင့် ထိ မိပြီး ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့ သည့် ရော်နယ်ဒိုသည် ယခုသီ တင်းပတ်အတွင်း ရီးရဲလ်နှင့် လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝအောင် ကြိုးစားနေရသည်။ သို့သော် ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်ဒိုက ရီး ရဲလ်အတွက် ပြန်လည်ကစားရန် အသင့်ဖြစ် နေပြီဟု သတင်း ထောက်များအား ပြောကြားပြီး အိုဆာဆူနာနှင့် ပွဲတွင် ပါဝင် ကစားမည်ဟု ဆိုသည်။

ရီးရဲလ်သည် ယခုရာသီတွင် လာလီဂါပွဲစဉ်နှစ်ပွဲလုံးကို နိုင်ထားပြီး ဆိုစီဒက်နှင့် ဆယ်လ်တာဗီဂိုတို့ကို အနိုင်ရခဲ့ သည်။ ထိုအတောအတွင်း ရီးရဲလ်က ရော်နယ်ဒို၊ ဘေးလ်၊ မိုဒရစ်နှင့် တိုနီခရုဇ်တို့၏ စာချုပ်များကို ယခုလအတွင်း သက်တမ်းတိုးမည်ဟု EL Larguero သတင်း ဌာနက ကြေညာသည်။ Ref:Goal


Leave a Reply