ပုသိမ်ခရိုင်ပါတီနှင့် ရေကြည်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးစိုးဝင်း ဦးဆောင်၍ ခရိုင်ကော်မတီဝင်များလိုက်ပါကာ စက်တင်ဘာ (၇) ရက် နေ့လည် (၁၂:၄၅) အချိန်တွင် ရေကြည်မြို့နယ် ပါတီကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲ၌ ခရိုင်ပါတီဥက္ကဌမှ ပြောကြားရာတွင် ပါတီဝင်အင်အားများ မှန်စွာစိစစ်ဆောင်ရွက်ရေးနယ်မြေ တာဝန်ခံများအနေဖြင့် ကွင်းဆင်း ဆောင်ရွက်မှုအခြေအနေများ/ပါတီတွင်း စည်းရုံးညီညွှတ်မှုရှိရေး၊ ပြည်သူ့ အသံများ ကြားအောင်နားထောင်ပြီး ဒေသခံများ၏ လိုအပ်ချက်များကို မြင်အောင်ကြည့်တတ်ရန် ခရိုင်ပါတီအနေဖြင့်လည်း မြို့နယ်များနှင့် ပူးပေါင်းပြီး အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြား ဆွေးနွေးခဲ့ပြီး ရေကြည်မြို့နယ်ဥက္ကဌ ဦးခင်မောင်ဝင်းမှ မြို့နယ်၏ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်း ပြောကြားကာ ပုသိမ်ခရိုင်
ကော်မတီများမှလည်း မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
usdp Ayeyarwady Region News


Leave a Reply