မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက် ၁ဝဝ နှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်း
နိုင်ငံတော်သမ္မတဦးသိန်းစိန်(ငြိမ်း)နှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အသက် ၁ဝဝ နှင့် အထက်အဘိုးအဘွားများ၏ ကျန်းမာရေး၊ လူမှုရေး၊ လှူရေးတန်း ရေးကိစ္စများတွင် အသုံးပြုနိုင်ရန် အလှူငွေများ ထောက်ပံ့လှူဒါန်းလျက် ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ အသက် ၁ဝဝ နှင့်အထက် အဘိုးအဘွားနှစ်ဦးအား ထောက်ပံ့လှူဒါန်းရာ ရေစကြိုမြို့နယ် မြေတော်ကျေးရွာ မှ အသက် ၁ဝ၁ နှစ်ရှိ အဘိုးဦးသာချိုလည်း ပါဝင်ခဲ့ရာ ယခုလ ၄ ရက်က ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးမြင့်နိုင်၊ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် ပါတီကော်မတီဝင်များက ကျေးရွာအရောက် သွားရောက်ကြပြီး အဘိုးဦးသာချိုအား ထောက်ပံ့လှူဒါန်းငွေ ကျပ်နှစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လက်ရောက်ပေးအပ်လှူဒါန်းပြီး ကာယကံ၊ ဝစီကံ၊ မနောကံမြောက် လက်အုပ်ချီမိုး ရှိခိုးကန်တော့ခဲ့ကြောင်း သိရသည်။
ဖေထွဏ်းဇော်(ရေစကြို)