ဆီးရီးယားအပစ်ရပ်စဲရေးဆွေးနွေးမှု အမေရိကန်နှင့် ရုရှား သဘောတူညီချက်မရသေး

14125483_1751226781784489_1537136615834941790_o

မော်စကို စက်တင်ဘာ ၅

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်တို့ သည် ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြရာ သဘောတူညီမှုမရရှိဘဲ ကွဲပြား မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ကယ်ရီနှင့်လက်ဗ်ရော့ဗ်တို့သည် ဂျီ-၂ဝ အစည်းအဝေးတွင် သီးခြားဆွေးနွေးမှုအဖြစ် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံ ကြမည်ဖြစ်သော်လည်း ၄င်းတို့ ဆွေးနွေးမှုများ၏ အသေးစိတ် အချက်အလက်များကို ချက်ချင်းမသိနိုင်သေးကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးကြား ယခုဆွေးနွေးသည့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု ဒုတိယအကြိမ်တွင် သဘောတူညီမှု မရရှိခြင်းဖြစ်သည်။ ယခင်က နှစ်နိုင်ငံ ခေါင်းဆောင်များ ဂျီနီဗာတွင် သြဂုတ် ၂၆ ရက်က ဆွေးနွေးခဲ့သည်။

ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်တို့ ဦးဆောင် ဆွေးနွေးသော အပစ်ရပ်စဲရေး သဘောတူညီချက်တွင် အမေရိကန်က ဆီးရီးယား သမ္မတ ဘတ်ရှာအယ်လ်အာဆက် အစိုးရအားသဘော တူစာချုပ်ကို ချိုးဖောက်သည်ဆိုကာ စွပ်စွဲခဲ့သည်။

နောက်တစ်ကြိမ် ဆီးရီးယားအပစ်ရပ်စဲရေး ဆွေးနွေးမှုကို စက်တင်ဘာ ၁၈ ရက်တွင် နယူးယောက်၌ ကျင်းပမည့် ကုလသမဂ္ဂအစည်းအဝေးတွင် သီးခြား ဆွေးနွေးဦးမည်ဖြစ်ကြောင်း သိရသည်။

(ရိုက်တာ)


Leave a Reply