စစ်တွေမြို့နယ်ရှိ အသက်တစ်ရာနှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းနှင့် အလှူငွေများ လှူဒါန်း

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀၀ နှင့်အထက် အဘိုးအဘွားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ဆက်လက်နေထိုင်နိုင် ပါစေကြောင်း ဆုမွန်ကောင်းပြုလျက် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခံ သက်ကြီးဝါကြီးပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာအသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် အလှူငွေများ ပေးအပ်လျက်ရှိသည်။

ထို့ကြောင့် ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား စက်တင်ဘာ ၅ ရက်နေ့ နေ့လည် ၁ နာရီက စစ်တွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင်နှင့် ကော်မတီဝင်များက စစ်တွေမြို့ ဖိုးသာရွာ၊ ပြည်တော်သာရပ်ကွက်နေ အသက်တစ်ရာပြည့် အဘွား ဒေါ်ဦးစိန် အား သွားရောက်ဦးချကန်တော့ကာ ဂုဏ်ပြုလွှာနှင့် အလှူငွေ နှစ်သိန်းကျပ် အား ပေးအပ်လှူဒါန်းခဲ့ကြသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှင့် အထက် အဘိုးအဘွားများဖြစ်သော ဒေါ်ဦးစိန် အသက် (၁၀၀) ဖိုးသာရွာ၊ ပြည်တော်သာရပ်ကွက်၊ စစ်တွေမြို့၊ ဒေါ်အေးစိန် အသက် (၁၀၄) စံပြ ရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့၊ ဒေါ်သုနန္ဒိ အသက် (၁၀၂) ပျဉ်းတော်ကျေးရွာ၊ အမ်းမြို့နယ်၊ ဒေါ်ညင်းကေ အသက် (၁၀၁) ကံတိုင်းကျေးရွာ၊ မာန်အောင်မြို့နယ်၊ ဘဒ္ဒန္တနန္ဒိယ သက်တော်(၁၀၂) ကွေ့ချောင်းကျေးရွာ၊ သံတွဲမြို့နယ်၊ ဒေါ်ဖွား အသက် (၁၀၁) မှတ်ချောင်းကျေးရွာ၊ သံတွဲမြို့နယ်၊ ဒေါ်အမီနာ အသက်(၁၀၃) ခြံပြင်ကျေးရွာ၊ သံတွဲမြို့နယ်၊ ဦးညီကျန် အသက် (၁၀၀) ခမောင်းတုံး၊ သံတွဲမြို့နယ်၊ ဒေါ်မိန့်ကွန် အသက် (၁၀၁) ခမောင်းတုံး၊ သံတွဲမြို့နယ်၊ ဒေါ်ငွေကြူး အသက် (၁၀၀) ကညင်ကုန်း၊ သံတွဲမြို့နယ်၊ ဦးသိန်းဖေ အသက် (၁၀၁) မာလာမြိုင်လမ်း၊ ကံပိုင်ရပ်ကွက်၊ တောင်ကုတ်မြို့၊ ဦးမောင်တင် အသက် (၁၀၁) မင်းထီးလမ်း၊ ချောင်းကောက် ရပ်ကွက်၊ တောင်ကုတ်မြို့၊ ဦးစိန်ခင် အသက် (၁၀၂) တိုင်ကျိုးကျေးရွာ၊ ဂွမြို့နယ်၊ ဒေါ်သိန်းမြ အသက် (၁၀၁) ခွာညိုလမ်း၊ မြို့မရပ်ကွက်၊ ဂွမြို့တို့စသော အဘိုးအဘွားများအားလည်း ရာဇသင်္ဂဟဖောင်ဒေးရှင်းကိုယ်စား သက်ဆိုင်ရာ မြို့နယ်ပါတီများမှ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Nay Cho Thway


Leave a Reply