အလှအပအတွက် ပန်းသီးဗီနီဂါကို အသုံးပြုပုံ (၃) မျိုး
Apple Cider Vinegar ကို စူပါမားကတ်တွေမှာ အလွယ်တကူဝယ်နိုင်ပြီး ချက်ပြုတ်ရုံသာမက အလှအပအတွက်လည်း သုံးနိုင်ပါတယ်။
၁။ ရေနဲ့ ပန်းသီးဗီနီဂါကိုရောစပ်ပြီး တိုနာ (toner) အဖြစ်နဲ့ သုံးကြည့်ပါ။ အသားအရေ ကြည်လင်ပြီး တင်းရင်းလာ တာကို ချက်ခြင်းခံစားရပါလိမ့်မယ်။
၂။ ဆံပင်အဖျားနှစ်ခွဖြစ်နေရင်လည်း သုံးနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ပန်းသီးဗီနီဂါအနည်းငယ်ကို ဆံပင်ပေါ် မှာလောင်းချပြီး ဦးရေပြားကို နှိပ်နယ် ပေးရမှာပါ။ မိနစ်အနည်းငယ်ထားပြီးမှ ရေဆေးချရမှာဖြစ်ပါတယ်။ တစ်လ နှစ်ကြိမ် လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။
၃။ မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေဟာ သာမာန်ဆပ်ပြာနဲ့ ဆေးရုံနဲ့ ပြောင်စင်မသွားပါဘူး။ အကောင်းဆုံးကတော့ ရေနွေးထဲကို ပန်းသီးဗီနီဂါ လက်ဖက်စားဇွန်း ၁ ဇွန်းစာထည့်ပြီး ဘရပ်ရှ်တွေကို ဆေးပေးရင် ဘရပ်ရှ်မှာ ကပ်ငြိနေ တဲ့ မိတ်ကပ်အကြွင်းအကျန်တွေ ပြောင်သွားပါလိမ့်မယ်။
Source : InStyle
# Duwun