ပါတီညီလာခံ အောင်မြင်ခြင်းအထိမ်းအမှတ် သပိတ်ကျင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအမှတ်တရသစ်ပင်စိုက်ပျိုး

ဒုတိယအကြိမ်ပါတီညီလာခံ (၂ဝ၁၆)အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် သပိတ်ကျင်းမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်၍ (၇)မိုင်-တကောင်းသွားကားလမ်း မိုင်တိုင် ၈ ဖာလုံနှင့် ၉ ဖာလုံ ကြားတွင် အရိပ်ရပင် ၂ဝဝ အား ယခုလ ၂ ရက် နံနက် ၈ နာရီမှ ၉ နာရီအထိ အမှတ်တရစိုက်ပျိုးခဲ့ ကြသည်။
ပါတီညီလာခံ အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် သပိတ် ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသန်းအောင်၊ နယ်မြေတာဝန်ခံ ခရိုင်ပါတီကော်မတီဝင် ဦးကျော် ဇောအောင်၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းတင့်နှင့်အတူ မြို့နယ်အတွင်းရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီ ဝင်များ စုစုပေါင်း အင်အား ၁၁ဝ ခန့်တက်ရောက်ကာ တပျော်တပါး အမှတ်တရသစ်ပင်စိုက်ပျိုးပေး ခဲ့ကြသည်။
မတ္တရာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မှ အမှတ်တရစိုက်ပျိုးခဲ့သောအရိပ် ရသစ်ပင်များမှာ ကျွန်း၊ မဲဇလီနှင့် ယူကလစ် အစရှိသော ပျိုးပင်များ ဖြစ်ကြောင်း သိရသည်။

သုတ


Leave a Reply