တောင်ကိုရီးယားတွင်ချထားမည့် ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ကို လက်မခံနိုင်ကြောင်း သမ္မတပတ်ဂွမ်ဟေးကို တရုတ်သမ္မတ ရှီကျင့်ဖျင်ပြောကြား

ပေကျင်း စက်တင်ဘာ ၅

တရုတ်သမ္မတရှီကျင့်ဖျင်သည် တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်နိုင်ငံက တပ်ဖြန့်ချထားမည့် THADD ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ကို လက်မခံနိုင်ကြောင်း တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကို ပြောကြားလိုက် ကြောင်း ရှင်ဟွာသတင်းဌာနမှ ထုတ်ပြန်သည်။

14192148_1269816119704565_6339414194555892617_n

ပြီးခဲ့သည့် ဇူလိုင်လတွင် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က မြောက်ကိုရီးယားမှ ပစ်လွှတ်လာနိုင်သည့် ဒုံးကျည်နှင့် နျူကလီးယားခြိမ်းခြောက်မှုကို တန်ပြန်ရန် ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ကို နောက်ဆုံး ဆုံးဖြတ် ချက်ချခဲ့သည့်အပေါ်ကို ဒေါသထွက်ကြောင်း တရုတ်ဘက်က အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ရောက်ရှိနေသော သမ္မတပတ်ဂွမ်ဟေးကို သမ္မတ ရှီကျင့်ဖျင်က “အဆိုပါ ကိစ္စရပ်ကို လွဲမှားစွာ ကိုင်တွယ်ခြင်းဟာ ဒေသတွင်း နည်းဗျူဟာကျတဲ့ တည်ငြိမ်မှုကို အထောက်အကူမပြုနိုင်ဘဲ အငြင်းပွားမှုများကို တိုးပွားလာစေနိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ရှင်ဟွာသတင်းတွင် ကိုးကားဖော်ပြသည်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စက်မှုအင်အားကြီး နိုင်ငံ ၂၀ မှ ခေါင်းဆောင် များသည် ဟန်ကျိုးမြို့တွင်ပြုလုပ်နေသည့် အစည်းအဝေးသို့ တက်ရောက်လျှက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်သည် ၎င်းတို့၏ စစ်တပ်လုပ်ဆောင်ချက်များကို ထောက်လှမ်းလိမ့်မည်ကို စိုးရိမ်လျှက်ရှိနေသည်။

Ref:Reuters

# Democracytoday


Leave a Reply