အမေရိကန် ရုပ်ရှင်အကယ်ဒမီက ဂျက်ကီချန်းကို ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်

ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဂျက်ကီချန်းကို အမေရိကန် ရုပ်ရှင်အကယ်ဒမီက ဂုဏ်ထူးဆောင် အော်စကာဆု ချီးမြှင့်ဖို့အတွက် ရွေးချယ်လိုက်တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

14222318_931687556942828_9054808437289876678_n

ရုပ်ရှင်နယ်ပယ်မှာ ဂျက်ကီချန်း ရရှိသိမ်းပိုက်ထားနိုင်တဲ့ ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို ဂုဏ်ထူးဆောင် အော်စကာဆုအတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရုပ်ရှင်အကယ်ဒမီဟာ ဂျက်ကီချန်းအပြင် အယ်ဒီတာ အန်နီကုတ်စ်၊ သရုပ်ဆောင် ရွေးချယ်မှု ဒါရိုက်တာ လင်းစတယ်မာစတာနဲ့ မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ဖရက်ဒရစ်ဝိုက်စ်မန်း တို့ကိုလည်း ဂုဏ်ထူးဆောင် အော်စကာဆုတွေ ချီးမြှင့်ခဲ့ပါတယ်။

ကိုယ်ခံပညာရှင်တစ်ဦးလည်း ဖြစ်တဲ့ ဂျက်ကီချန်းဟာ ဟောင်ကောင်အက်ရှင် ဇာတ်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့အဆင့် အောင်မြင်မှုတွေ ရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။

# Myawady Daily


Leave a Reply